ဒီဆိုဒ်ကို မဝင်ရောက်နိုင်သူများအတွက် မှန်ဘီလူးလင့်ခ်ကို ဝေမျှပါ။: https://storage.googleapis.com/amnezia/amnezia.org

Self-hosted VPN ကိုယ်တိုင်ဖန်တီးလိုက်ပါ

Amnezia အကူအညီဖြင့် မြင့်မားသောကိုယ်ရေးကိုယ်တာလိုအပ်ချက်များပါဝင်သော VPN တစ်ခုကို သင့်ကိုယ်ပိုင်ဆာဗာပေါ်တွင်ဖန်တီးနိုင်သည်။

ဖော်ထုတ်ခြင်းကာကွယ်မှုပါဝင်သော ခေတ်သစ်ပရိုတိုကောများကို ပံ့ပိုးသည်

လူသုံးများပြီးယုံကြည်ရသော OpenVPN နှင့် WireGuard。
AmneziaWG Traffic ထောက်လှမ်းခံရခြင်းမှ ကာကွယ်ပေးနိုင်မှုနှင့် WireGuard စွမ်းဆောင်ရည်တို့ပါဝင်သည်။
Xray Reality သည် တရုတ်၊ အီရန်နှင့် တာ့ခ်မင်နစ္စတန်ကဲ့သို့သော အခြား VPN များအလုပ်မလုပ်နိုင်သည့်နေရာများတွင်ပင် အလုပ်လုပ်သည်။
VPN ချိတ်ဆက်မှုကိုမျှဝေရန်
ခလုတ်အနည်းငယ်နှိပ်ရုံမျှဖြင့် သင့် vpn ကို သင်ယုံကြည်ရသူများနှင့် ကန့်သတ်ချက်များမရှိဘဲ မျှဝေသုံးစွဲနိုင်ပါတယ်။
VPN မှတဆင့် သင်ဝင်ရောက်မည့်ဆိုက်များနှင့် အပလီကေးရှင်းများကို ရွေးချယ်ပါ။
ပလပ်ဖောင်းအားလုံးနှင့် ပရိုတိုကောအားလုံးအတွက် Split Tunneling။
ချိတ်ဆက်မှု ဆက်တင်များကို တင်သွင်းခြင်းနှင့် ထုတ်ယူခြင်း
WireGuard၊ OpenVPN၊ XRay (Reality၊ VLESS)၊ ShadowSocks ၏ မူရင်း Client များအတွက်။
Kill Switch စနစ်အသုံးပြုထားသောကြောင့် ယုံကြည်စိတ်ချရသည်။
VPN ဆာဗာသို့ ချိတ်ဆက်မှု ရုတ်တရက်ပြတ်တောက်သွားရင်တောင်မှ သင့်ရဲ့ IP အစစ်နှင့် တည်နေရာ အစစ်ကို လျှို့ဝှက်ပေးထားနိုင်မည်ဖြစ်သည်။

ပလက်ဖောင်းမျိုးစုံအတွက် အသုံးပြုနိုင်ပါသည်

သင်၏ကိုယ်ပိုင် VPN ကိုအသုံးပြုလိုက်ပါ၊ မည်သည့်စက်ပစ္စည်းပေါ်တွင်မဆို VPN ဆာဗာများကိုဖန်တီးတပ်ဆင်လိုက်ပါ။
Windows
macOS
iOS
Android
Linux

Open source

AmneziaVPN သည် သင်၏ ဒေတာများကို စုစည်းခြင်း သို့မဟုတ် ပေးပို့ခြင်းမပြုလုပ်ဘဲ Open source ကုဒ် ဖြင့်လည်ပတ်ပါသည်။ ဆာဗာနှင့် client အစိတ်အပိုင်းများကို မည်သူမဆို အတည်ပြုစစ်ဆေးနိုင်ပါသည်။

ရိုးရှင်းသောချတ်ဆက်မှု

သင့်ဆာဗာ၏ IP လိပ်စာ၊ အသုံးပြုသူအမည်နှင့် စကားဝှက်ကို ထည့်သွင်းပြီးပါက ပရိုဂရမ်သည် VPN-ချိတ်ဆက်မှုအတွက် အရာအားလုံးကို အလိုအလျောက် စီစဉ်ပေးမည်ဖြစ်သည်။

အခမဲ့

Self-hosted VPN တစ်ခုကို ဖန်တီးရာတွင် ကိုယ်ပိုင် VPS ဆာဗာအတွက်သာ ပိုက်ဆံပေးချေရပါမည်။ VPN ဆာဗာကို မည်သည့် hosting provider ဆီမှမဆို ဝယ်ယူနိုင်ပါသည်။ Amnezia အက်ပလီကေးရှင်းသည် လုံးဝ အခမဲ့ဖြစ်ပါသည်။

Amnezia တွင် VPN အပြင် အခြားစိတ်ဝင်စားစရာကောင်းသော အရာများစွာကို ဖန်တီးနိုင်သည်။

Tor နက်ဝက် ဝက်ဘ်ဆိုက်

Tor နက်ဝက်တွင် WordPress ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကို ကလစ်နှစ်ချက်အတွင်း ဖန်တီးနိုင်ပါသည်။

ကိုယ်ပိုင် DNS ဆာဗာ

ISP မှ သင်ဖွင့်ကြည့်သောဝဘ်ဆိုဒ်များကို သိရှိခြင်းမှ ကာကွယ်ရန်

လုံခြုံစွာ ဖိုင်သိမ်းဆည်းနိုင်ခြင်း

လုံခြုံသောချိတ်ဆက်မှုမှတဆင့် လုံခြုံစိတ်ချစွာ ဖိုင်လွှဲပြောင်းပေးနိုင်သော SFTP ဆာဗာထားရှိနိုင်ခြင်း

မကြာခဏ မေးမိသော မေးခွန်းများအတွက် အဖြေများ

  • Self-hosted VPN သည် သင်ငှားရမ်းထားသော virtual server တွင် ဖန်တီးထားသော VPN တစ်ခုဖြစ်သည်။ သမားရိုးကျ VPN ဖြင့် VPN ဝန်ဆောင်မှုပေးသူ၏ ဆာဗာများသို့ ချိတ်ဆက်နိုင်ပြီး၊ Self-hosted VPN ဖြင့် သင့်ကိုယ်ပိုင်ဆာဗာတွင် ဖန်တီးထားသည့် သင်၏ ကိုယ်ပိုင် VPN သို့သာ ချိတ်ဆက်နိုင်မည်ဖြစ်သည်။
  • ဟုတ်ကဲ့ ရပါတယ်၊ ဒါပေမဲ့ မစတင်ခင် ကိုယ့်စက်အတွက် အနည်းဆုံးရှိရန် လိုအပ်ချက်များ နဲ့ ပံ့ပိုးထားတဲ့ OS တွေအကြောင်းကို ကြိုပြီးသိထားဖို့ အကြံပေးပါတယ်။
  • မခက်ခဲပါဘူး၊ VPN အတွက် server တစ်ခုငှားရမ်းရတာဟာ ရိုးရိုး VPN တစ်ခုကိုဝယ်ယူသုံးစွဲရတဲ့အတိုင်းပဲ အလွန်လွယ်ကူပါတယ်၊ ကိုယ့်စက်အတွက် အနည်းဆုံး စနစ်လိုအပ်ချက်တွေကိုသာ သတိပြုရပါမယ်၊ ကျွန်တော်တို့ရဲ့ website မှာ VPS ဝယ်ယူခြင်းအတွက် လမ်းညွှန်ချက်များ ရှိပါတယ်။
  • သင့် VPN ရဲ့နေရာ/နိုင်ငံက သင့် server ရဲ့နိုင်ငံနဲ့တူပါမယ်။ Server တစ်ခုဆိုရင် တစ်နိုင်ငံသာရှိပါတယ်။
  • ရပါတယ်၊ Amnezia က native format တွေအဖြစ် WireGuard, OpenVPN, XRay (Reality, VLESS), ShadowSocks configuration တွေကို ပံ့ပိုးပေးပါတယ်၊ သင်လည်း Amnezia မှာ VPN တစ်ခု ဖန်တီးနိုင်ပြီး ဖန်တီးထားတဲ့ configuration ကို native application မှာဖွင့်ပြီးသုံးလို့ရပါတယ်။